အချက်အလက်မူဝါဒ
Bridge Fiber အင်တာနက်ဝန်ဆောင်မှု လုပ်ငန်း၏ သုံးစွဲသူကိုယ်ရေးအချက်အလက်နှင့်လုံခြုံမှုဆိုင်ရာ ကာကွယ်ခြင်း မူဝါဒ
DiGi Bridge ကုမ္ပဏီ၏ အင်တာနက်ဝန်ဆောင်မူလုပ်ငန်းဖြစ်သော Bridge Fiber အင်တာနက် မှ ကြိုဆိုပါသည်။ ဤစာစုသည် Bridge Fiber အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း၏ သုံးစွဲသူကိုယ်ရေးအချက်အလက်နှင့် လုံခြုံမှု ကာကွယ်ခြင်း မူဝါဒများနှင့်တကွ Bridge Fiber မှ သင်၏ ကိုယ်ရေးအချက်အလက်များကို မည်သို့မည်ပုံ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ မျှဝေခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။
၁။ သုံးစွဲသူ ကိုယ်ရေးအချက်အလက်များကို Bridge Fiber မှ စုဆောင်းပုံ
၁.၁။ သင်ကိုယ်တိုင် ပေးထားခဲ့သော သတင်းအချက်အလက်များမှာ-
- အင်တာနက် ဝယ်ယူရာတွင်သင်ဖြည့်ခဲ့သည့် ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သော သင့်နာမည် ဖုန်းနံပါတ် လိပ်စာ မှတ်ပုံတင်နံပါတ် နှင့် ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်များ
- အင်တာနက်ဝန်ဆောင်မူ ဝယ်ယူရာတွင် အသုံးပြုသော အချက်အလက်များ
- ဘာသာစကား ရွေးချယ်မှု အချက်အလက်များ
၂။ သင်၏ အချက်အလက်များကို Bridge Fiber မှ အသုံးပြုပုံ
သင့်အား ပေးအပ်မည့် ဝန်ဆောင်မူနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ သင့်၏ ကိုယ်ရေး အချက်အလက်များကို အောက်ပါအတိုင်း သုံးစွဲပါသည်။
- Bridge Fiber အနေဖြင့် လိုအပ်သော သင့်ကိုယ်ရေးအချက်အလက်များကို နောက်တစ်ကြိမ် ဝန်ဆောင်မှုအတွက် ပြန်လည်အသုံးပြုသည့်အခါ လွယ်ကူစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ မှတ်သားထားခြင်း။
- သင့် ကိုယ်ရေးအချက်အလက်များမှတစ်ဆင့် အနာဂတ်တွင် သင်လိုအပ်မည်ထင်သော အင်တာနက်ဈေးနှုန်း အစရှိသည်တို့ကို တိကျမှန်ကန် မြန်ဆန်စွာ ဝန်ဆောင်မူပေးနိုင်ရန် မှတ်သားထားခြင်း။
- သင်သုံးစွဲလျက်ရှိသော Bridge Fiber အင်တာနက်ဝန်ဆောင်မှုတွင် အခက်အခဲများ ကြုံလာသည့်အခါ တွင်လည်းကောင်း၊ မေးခွန်းများပေါ်လာသည့် အခါတွင်လည်းကောင်း Bridge Fiber ဘက်မှ အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ စုဆောင်းထားပါသည်။ ထို့အတူ Bridge Fiber ၏ ဝန်ဆောင်မှုလုပ်ငန်းတွင် ပိုမိုကောင်းမွန်သော package ၊ user interface design များပြင်ဆင်နိုင်ရန် စုဆောင်း ထားပါသည်။
၃။ အချက်အလက်များ မျှဝေခြင်းနှင့် အသိပေးခြင်းဆိုင်ရာမူဝါဒများ
Bridge Fiber မှ သင်၏ကိုယ်ရေး အချက်အလက်များကို တခြားစီပွားရေးလုပ်ငန်းများသို့ အကျိုးအမြတ်အတွက် မည်သည့်အခါတွင်မှ ရောင်းချခြင်းပြုလုပ်မည် မဟုတ်ပါ။ Bridge Fiber အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များကို အောက်ပါအရေးကြီးသော အခြေအနေမှလွဲ၍ အသိပေး မျှဝေမည် မဟုတ်ပါ။
- အကယ်၍ နည်းဥပဒေအရ တရားဝင် လုပ်ဆောင်မည်ဆိုလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရ အဖွဲအစည်းများမှ တရားဝင်တောင်းခံလာလျှင်သော်လည်းကောင်း ဥပဒေနှင့်အညီ ပေးအပ်ပါမည်။
- Bridge Fiber အနေဖြင့် အခြားစီးပွားရေးလုပ်ငန်းတစ်ခုမှ ဝယ်ယူခြင်း၊ ပူးပေါင်းခြင်း နှင့် ပြန်လည် ဖွဲ့စည်းခြင်းများ ဖြစ်ပေါ်လာခဲ့လျှင်သော်လည်းကောင်း ၊ သင့်အား ပေးအပ်သော ဝန်ဆောင်မူ ပိုမို ကောင်းမွန်လာစေရန် လိုအပ်ပါက Bridge Fiber လုပ်ငန်းခွဲများကို အချက်အလက်များအား မျှဝေရန် လုပ်ဆောင်မည်ဖြစ်ပါသည်။
၄။ လုံခြုံရေးဆိုင်ရာမူဝါဒများ
လုံခြုံရေးဆိုင်ရာ နောက်ဆုံးပေါ် နည်းပညာများဖြင့် သင်၏ အချက်အလက်များကို လုံခြုံမူရှိစေရန် Bridge Fiber အနေဖြင့် ကာကွယ်မူပေးထားပါသည်။ သင်၏ ကိုယ်ရေးအချက်အလက်များအား တရားမဝင် လိမ်လည်လှည့်ဖျားခြင်းများ (သို့မဟုတ်) ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းများ မဖြစ်ပေါ်စေရန် Bridge Fiber ဘက်မှ လုံခြုံစွာဖြင့် သိမ်းဆည်းထားပါသည်။ Bridge Fiber အနေဖြင့် ကာကွယ်မှုပေးထားသော်လည်း ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော လုံခြုံရေးစနစ်မည်သည် မရှိသောကြောင့် သင်၏အချက်အလက်နှင့် ပတ်သက်၍ ခွင့်ပြုချက် မရှိဘဲ ဒေတာခိုးယူခြင်း၊ ယူဆောင်ခြင်း နှင့် ပတ်သက်၍ အပြည့်အ၀ အာမခံမှု ပေးနိုင်မည်မဟုတ်ပါသော်လည်း အရေးကြီးဆုံးကိစ္စတစ်ခုအဖြစ် သတ်မှတ်၍ အတတ်နိုင်ဆုံး ထိန်းသိမ်းသွားပါမည်။
၅။ မူဝါဒဆိုင်ရာ ပြောင်းလဲမှုနှင့်ပတ်သက်၍ အကြောင်းကြားခြင်း
Bridge Fiber အနေဖြင့် ပြုပြင်ပြောင်းလဲခြင်းနှင့်ဆိုင်သောကိစ္စရပ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီ Website တွင် ကြော်ငြာပေးမည်ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲမူပြုလုပ်ပြီးနောက် သင့်အနေဖြင့် ဝန်ဆောင်မူအား ဆက်လက်အသုံးပြုနေပါက Bridge Fiber အနေဖြင့် သင်သဘောတူညီသည်ဟု ယူဆပါသည်။ သင့်အနေဖြင့် မှတ်ချက်ပေးလိုလျှင်လည်းကောင်း၊ ဆက်စပ်သည့်မေးခွန်းများ မေးမြန်းလိုလျှင်လည်းကောင်း၊ အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။
အီးမေးလ်လိပ်စာ- cs@bridgefiber.com.mm
Digi Bridge Co., Ltd
၄၄ လမ်း၊ ၁၁၆ လမ်းနှင့် ၁၁၇ လမ်းကြား၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။